မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၆၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသော အခြေအနေများကို တင်ပြအပ်ပါသည်။ Web portal *********** တက္ကသိုလ် ၏.မူလ Website ဖြစ်သော uvsyezin.edu.mm ကို အဆင့်မြင်တင်ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ် Domain ရရှိပါက uvs.edu.mm အမည်ဖြင့် ပြောင်းလဲ လွှင့်တင်သွားမည် ဖြစ်ပါသည်။ အရံ website ၁၆ခု ဖြစ် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ Website များကို ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ Demo website အနေဖြင့် https://uvs.edu.mm/ အမည်ဖြင့်စမ်းသပ်လျက်ရှိပါသည်။ Learning Management…

Read More

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးခွင့်ပြုငွေဖြင့် သဇင်ငြိမ်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော (၁၈၀’x၄၉’x၂၄’) RC နှစ်ထပ် e-Library အဆောက်အဦနှင့် ရဲတံခွန်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော (၁၈၀’x၄၉’x၂၄’) RC နှစ်ထပ်လက်တွေ့စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို (၁၈.၃.၂၀၁၆)ရက် သောကြာနေ့ မနက် (၉းဝ၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။ လက်တွေ့စာသင်ဆောင်ကို ပါရဂူသင်တန်းသား သင်တန်းသူများက လည်းကောင်း e-Library အဆောက်အဦကို…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို (၃၁-၁၂-၂၀၁၇) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ရွှေရတုခန်းမ၌ ကျင်းပရာ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (BVSc) ဘွဲ့ရရှိသူ (၁၉၈) ဦး၊ တိရစ္ဆာန်ဆေးပညာမဟာဘွဲ့ (MVM) ဘွဲ့ရရှိသူ (၉) ဦး၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (MVSc) ဘွဲ့ရရှိသူ (၇၉) ဦး နှင့် ပါရဂူဘွဲ့ (PhD) ဘွဲ့ရရှိသူ (၆)ဦးတို့အား ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်းက ဘွဲ့များ အပ်နှင်းခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် Increasing the quality, safety and capacity of food production for small-scale livestock farms in Myanmar စီမံကိန်းအား အကြံပြုဆွေးနွေးရန်အတွက် University of Prince Edward Island, Canada မှ Dr. Jeffrey Davidson, Dr. Thitiwan နှင့် ထိုင်းနိုင်ငံ Kasetsart University မှ Dr. Tanu တို့သည် တက္ကသိုလ်သို့ (၅.၆.၂၀၁၈) ရက်နေ့တွင်…

Read More

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၊ ​မွေးမြူ​ရေးပညာသင်​တန်း၊ တတိယနှစ်​နှင့် ​နောက်​ဆုံးနှစ်​ ​ကျောင်းသား/​ကျောင်းသူများအား (၁၄.၆.၂၀၁၈)​ရက်​နေ့ နံနက်​ပိုင်းတွင်​၊ ဆရာကြီး ပါ​မောက္ခ​ဒေါက်​တာတင်​​ငွေ (ပါ​မောက္ခချုပ်၊ အငြိမ်းစား၊ ​မွေးမြူ​ရေးဆိုင်ရာ ​ဆေးတက္ကသိုလ်​) မှ ​မွေးမြူ​ရေးပညာဘွဲ့ရများ၏ အခွင့်အလမ်း၊ တာဝန်​ဝတ္တရားများ၊ ​မွေးမြူ​ရေးပညာရပ်​၏ အ​ရေးပါပုံများနှင့် အဖိုးမဖြတ်​နိုင်​သည့်မွေးမြူ​ရေး အသိပညာ ဗဟုသုတများစွာတို့ကို ​ဟော​ပြော ပို့ချ​​ဆွေး​နွေးခဲ့ပါသည်​။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများ၏ Public defence ကို (၁၇-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read More

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမျိုးသား/ အမျိုးသမီး တံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို (၁၈.၆.၂၀၁၈)​ရက်​နေ့ ညနေ​ပိုင်​းတွင်​ ပြုလုပ်ကျင်းပခဲ့ပါသည်။

Read More

၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အဖွဲ့သည် ​ဆေးခန်​းဆိုင်​ရာ ပညာရပ်​များအသင်​း၏ ပဉ္စမနှစ်​ BVSc ​ကျောင်​းသား၊ ​ကျောင်​းသူ (၂၆၄) ဦးတို့သည်​ ကြီးကြပ်သူ ဆရာ ဆရာမ (၂၄)ဦး လိုက်ပါလျက် နွားထိုးကြီးမြို့နယ်​အတွင်​းရှိ ကျေးရွာ (၁၂)ရွာ ဖြစ်သော ​ညောင်​ပင၊်​ ခက်​လန်​း၊ ဇီး​တော၊ လက်​ပန်၊​ ခံစပ်​ကုန်​း၊ ​ဒေါင်​့ဘိုး၊ ဖလံကုန်​း၊ ​အောင်​ပန်​းကုန်​း၊ ပဲချက်​၊ ဝက်​လူး၊ ​တော​ဇောက်၊​ မြဝတီ ကျေးရွာ တို့ရှိ  ကျွဲ နွား ဝက်​ အစရှိသည်​့ တိရစ္ဆာန်​များအား ကာကွယ်​​ဆေးထိုးနှံ​ပေးခြင်​း၊ ​ဆေးဝါးကုသပေးခြင်​း၊…

Read More

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၏ မိုးရာသီ စု​ပေါင်​းသစ်​ပင်​စိုက်​ပွဲကို ယ​နေ့နံနက်​ ၇း၃၀ နာရီအချိန်​တွင်​ ​မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​ဝန်​းအတွင်​း ကျင်​းပပြုလုပ်​ခဲ့ရာ စိုက်​ပျိုး​ရေး ​မွေးမြူ​ရေးနှင်​့ ဆည်​​မြောင်​းဝန်​ကြီးဌာန အမြဲတမ်​းအတွင်​းဝန်​ ​ဒေါက်​တာခင်​​ဇော်​ တက်​​ရောက်​အား​ပေး၍ ဖိတ်​ကြားထား​သော ဧည်​့သည်​များ ပါ​မောက္ခချုပ်​နှင်​့ ဆရာ ဆရာမများ ​ကျောင်​းသား ​ကျောင်​းသူများ ဝန်​ထမ်​းများနှင်​့အတူ ကျွန်​းပင်​ ၅၀ဝ နှင်​့ အရိပ်​ရ​လေကာပင်​ ၁၀ဝ စုစု​ပေါင်​း အပင်​ ၆၀ဝ စိုက်​ပျိုး​ပေးခဲ့ကြသည်​.ထို့​နောက်​ အမြဲတမ်​းအတွင်​းဝန်​နှင်​့ ဖိတ်​ကြားထား​သော ဧည်​့သည်​များသည်​ ​မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​ ​ဘောလုံးကွင်​းပတ်​လည်​တွင်​ ယခင်​နှစ်​ မိုးရာသီက စု​ပေါင်​းသစ်​ပင်​စိုက်​ပွဲ ကျင်​းပ၍ စိုက်​ပျိုးခဲ့​သော ကျွန်​းပင်​…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်BVSc၊ BASc ၊DVM ကျောင်းသားကျောင်းသူများ၏ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယနေ့ညနေ ၇းဝ၀ နာရီမှစတင်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ တွင် ကျင်းပခဲ့သည်။ ဦးစွာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာမာမာဝင်း ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခ ဒေါက်တာ ရဲထွဋ်အောင် တို့မှ ဆုံးမ သြဝါဒစကား ပြောကြားခဲ့သည်။ဆက်လက်ပြီး    မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းဥက္ကဌ၊တွဲဖက်ပါမောက္ခ ဒေါက်တာမင်းဘို မှသြဝါဒစကားပြောကြားခဲ့သည်။ ထို့နောက်အစီအစဉ်အရ ကျောင်းသားကျောင်းသူများက ဆီမီးတိုင်များထွန်းညှိကာ ကန်တော့ချိုးဖြင့်ရှိခိုကန်တော့ခဲ့ကြပြီး၊ မြတ်ဆရာ သီချင်းကို စုပေါင်းသီဆိုကာ ဂါရဝပြုခဲ့ကြသည်။

Read More