မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကိုယနေ့ ၁၆-၁-၂၀၂၃ ရက်နေ့ နံနက် ၈း၃၀ တွင် ရွှေရတု ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ကျောင်းသား‌ ကျောင်းသူများကတေးသီချင်းများဖြင့်ကပြဖျော်ဖြေကြသည်။ ထို့နောက်ပြည်ထောင်စုဒုတိယဝန်ကြီးက မောင်မယ်သစ်လွင်များနှင့် အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများချီးမြင့်ပေးအပ်ခဲ့သည်။