စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပါမောက္ခချုပ်၊ တာဝန်ရှိ ဆရာ၊ ဆရာမများ နှင့်အတူ (၁၈.၃.၂၀၂၄) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို (၁၄.၃.၂၀၂၄)ရက်နေ့မှ (၂၅.၃.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ၊ တာဝန်ရှိ ဆရာ၊ ဆရာမများနှင့်အတူ (၁၅.၃.၂၀၂၄) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို (၁၄.၃.၂၀၂၄)ရက်နေ့မှ (၂၅.၃.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက် မွေးမြူထုတ်လုပ်မှု ပိုမို မြင့်မားစေခြင်း” စီမံကိန်း စတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသကြက် မျိုးမြှင့်တင်ရေးအတွက် ကြက် သားစပ်ခြင်းနှင့် ဒေသကြက် ရောဂါစူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို (၈.၃.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ Theatre(2) ၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ အာစရိယ ပူဇော်ပွဲ အခမ်းအနားကို (၂၃.၂.၂၀၂၄) ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို (၂၀.၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မှ ဂုဏ်ပြု နှုတ်ခွန်းဆက် စကား မိန့်ကြားခဲ့ပြီး ပထမနှစ် ကျောင်းသား/ကျောင်းသူများ ကိုယ်စား…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၊ (၃၅)ကြိမ်မြောက် ဘွဲနှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မာမာဝင်း မှ မွေးမြူရေးပညာ (BASc) ဘွဲ့ရရှိသူ (၃၀)ဦး ၊ တိရစ္ဆာန်ဆေးပညာ (DVM) ဘွဲ့ရရှိသူ (၆၂)ဦး ၊ တိရစ္ဆာန်မဟာဆေးသိပ္ပံ (MVSc) ဘွဲ့ရရှိသူ (၅)ဦး ၊ ပါရဂူ (PhD) ဘွဲ့ရရှိသူ (၂)ဦး တို့အား ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၏ (၃၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရွှေရတုခန်းမ၌ အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပရာ ဒုတိယပိုင်း အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ် နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဘွဲ့ခံကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်း မှ ဘွဲ့ရမောင်မယ်များအား ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၏ (၃၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္က သိုလ်၊ ရွှေရတုခန်းမ၌ အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပရာ ပထမပိုင်း အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် ယင်းတို့၏ မိဘဆွေမျိုးများ တက်ရောက် ခဲ့ပါသည်။ ပထမပိုင်း အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်မှ ဘွဲ့နှင်းသဘင် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပြီး…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို (၁၀.၁၀.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စီမံခန့်ခွဲရေး/သင်ကြားရေးဌာနများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အမှုထမ်းများအား ရုံးလုပ်ငန်း ကျွမ်းကျင်လာစေရန်၊ ကွန်ပျူတာအခြေခံ အသုံးပြုနိုင်စေရန်နှင့် အသုံးချစွမ်းရည် တိုးတက်ပြီး ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး (၁၀.၁၀.၂၀၂၃) ရက်နေ့မှ (၃.၁၁.၂၀၂၃)ရက်နေ့ အထိ (ရက်သတ္တ ၄ ပတ်)ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

Read More