မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် Increasing the quality, safety and capacity of food production for small-scale livestock farms in Myanmar စီမံကိန်းအား အကြံပြုဆွေးနွေးရန်အတွက် University of Prince Edward Island, Canada မှ Dr. Jeffrey Davidson, Dr. Thitiwan နှင့် ထိုင်းနိုင်ငံ Kasetsart University မှ Dr. Tanu တို့သည် တက္ကသိုလ်သို့ (၅.၆.၂၀၁၈) ရက်နေ့တွင်…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးပညာသင်တန်း၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများအား (၁၄.၆.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင်၊ ဆရာကြီး ပါမောက္ခဒေါက်တာတင်ငွေ (ပါမောက္ခချုပ်၊ အငြိမ်းစား၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်) မှ မွေးမြူရေးပညာဘွဲ့ရများ၏ အခွင့်အလမ်း၊ တာဝန်ဝတ္တရားများ၊ မွေးမြူရေးပညာရပ်၏ အရေးပါပုံများနှင့် အဖိုးမဖြတ်နိုင်သည့်မွေးမြူရေး အသိပညာ ဗဟုသုတများစွာတို့ကို ဟောပြော ပို့ချဆွေးနွေးခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများ၏ Public defence ကို (၁၇-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမျိုးသား/ အမျိုးသမီး တံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို (၁၈.၆.၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
Read More၂၀၁၇-၂၀၁၈ ပညာသင်နှစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အဖွဲ့သည် ဆေးခန်းဆိုင်ရာ ပညာရပ်များအသင်း၏ ပဉ္စမနှစ် BVSc ကျောင်းသား၊ ကျောင်းသူ (၂၆၄) ဦးတို့သည် ကြီးကြပ်သူ ဆရာ ဆရာမ (၂၄)ဦး လိုက်ပါလျက် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာ ဖြစ်သော ညောင်ပင၊် ခက်လန်း၊ ဇီးတော၊ လက်ပန်၊ ခံစပ်ကုန်း၊ ဒေါင့်ဘိုး၊ ဖလံကုန်း၊ အောင်ပန်းကုန်း၊ ပဲချက်၊ ဝက်လူး၊ တောဇောက်၊ မြဝတီ ကျေးရွာ တို့ရှိ ကျွဲ နွား ဝက် အစရှိသည့် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၇း၃၀ နာရီအချိန်တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် တက်ရောက်အားပေး၍ ဖိတ်ကြားထားသော ဧည့်သည်များ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ ဝန်ထမ်းများနှင့်အတူ ကျွန်းပင် ၅၀ဝ နှင့် အရိပ်ရလေကာပင် ၁၀ဝ စုစုပေါင်း အပင် ၆၀ဝ စိုက်ပျိုးပေးခဲ့ကြသည်.ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဖိတ်ကြားထားသော ဧည့်သည်များသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဘောလုံးကွင်းပတ်လည်တွင် ယခင်နှစ် မိုးရာသီက စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ၍ စိုက်ပျိုးခဲ့သော ကျွန်းပင်…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်BVSc၊ BASc ၊DVM ကျောင်းသားကျောင်းသူများ၏ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယနေ့ညနေ ၇းဝ၀ နာရီမှစတင်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ တွင် ကျင်းပခဲ့သည်။ ဦးစွာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာမာမာဝင်း ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခ ဒေါက်တာ ရဲထွဋ်အောင် တို့မှ ဆုံးမ သြဝါဒစကား ပြောကြားခဲ့သည်။ဆက်လက်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းဥက္ကဌ၊တွဲဖက်ပါမောက္ခ ဒေါက်တာမင်းဘို မှသြဝါဒစကားပြောကြားခဲ့သည်။ ထို့နောက်အစီအစဉ်အရ ကျောင်းသားကျောင်းသူများက ဆီမီးတိုင်များထွန်းညှိကာ ကန်တော့ချိုးဖြင့်ရှိခိုကန်တော့ခဲ့ကြပြီး၊ မြတ်ဆရာ သီချင်းကို စုပေါင်းသီဆိုကာ ဂါရဝပြုခဲ့ကြသည်။
Read More(၁၂)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်း အမှတ်အဖြစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ တိရစ္ဆာန်ကုဆေးရုံတွင် (၂၈.၉.၂၀၁၈) ရက်နေ့ နံနက် (၈း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ ခွေး နှင့် ကြောင်များအား အခမဲ့ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ပါသည်။
Read More