မွေးမြူရေးထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ဆေးပညာလောက တိုးတက်ရေး ညှိနှိုင်း အစည်းအဝေးကို (၂၆.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ရေဆင်း တက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်၊ ပါမောက္ခ ဌာနမှူးများ၊ မြန်မာနိုင်ငံ ဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကိုယနေ့ ၁၆-၁-၂၀၂၃ ရက်နေ့ နံနက် ၈း၃၀ တွင် ရွှေရတု ခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ကျောင်းသား ကျောင်းသူများကတေးသီချင်းများဖြင့်ကပြဖျော်ဖြေကြသည်။ ထို့နောက်ပြည်ထောင်စုဒုတိယဝန်ကြီးက မောင်မယ်သစ်လွင်များနှင့် အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများချီးမြင့်ပေးအပ်ခဲ့သည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၆၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသော အခြေအနေများကို တင်ပြအပ်ပါသည်။ Web portal *********** တက္ကသိုလ် ၏.မူလ Website ဖြစ်သော uvsyezin.edu.mm ကို အဆင့်မြင်တင်ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ် Domain ရရှိပါက uvs.edu.mm အမည်ဖြင့် ပြောင်းလဲ လွှင့်တင်သွားမည် ဖြစ်ပါသည်။ အရံ website ၁၆ခု ဖြစ် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ Website များကို ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ Demo website အနေဖြင့် https://uvs.edu.mm/ အမည်ဖြင့်စမ်းသပ်လျက်ရှိပါသည်။ Learning Management…
Read More၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးခွင့်ပြုငွေဖြင့် သဇင်ငြိမ်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော (၁၈၀’x၄၉’x၂၄’) RC နှစ်ထပ် e-Library အဆောက်အဦနှင့် ရဲတံခွန်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော (၁၈၀’x၄၉’x၂၄’) RC နှစ်ထပ်လက်တွေ့စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို (၁၈.၃.၂၀၁၆)ရက် သောကြာနေ့ မနက် (၉းဝ၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။ လက်တွေ့စာသင်ဆောင်ကို ပါရဂူသင်တန်းသား သင်တန်းသူများက လည်းကောင်း e-Library အဆောက်အဦကို…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို (၃၁-၁၂-၂၀၁၇) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ရွှေရတုခန်းမ၌ ကျင်းပရာ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (BVSc) ဘွဲ့ရရှိသူ (၁၉၈) ဦး၊ တိရစ္ဆာန်ဆေးပညာမဟာဘွဲ့ (MVM) ဘွဲ့ရရှိသူ (၉) ဦး၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (MVSc) ဘွဲ့ရရှိသူ (၇၉) ဦး နှင့် ပါရဂူဘွဲ့ (PhD) ဘွဲ့ရရှိသူ (၆)ဦးတို့အား ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်းက ဘွဲ့များ အပ်နှင်းခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် Increasing the quality, safety and capacity of food production for small-scale livestock farms in Myanmar စီမံကိန်းအား အကြံပြုဆွေးနွေးရန်အတွက် University of Prince Edward Island, Canada မှ Dr. Jeffrey Davidson, Dr. Thitiwan နှင့် ထိုင်းနိုင်ငံ Kasetsart University မှ Dr. Tanu တို့သည် တက္ကသိုလ်သို့ (၅.၆.၂၀၁၈) ရက်နေ့တွင်…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးပညာသင်တန်း၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများအား (၁၄.၆.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင်၊ ဆရာကြီး ပါမောက္ခဒေါက်တာတင်ငွေ (ပါမောက္ခချုပ်၊ အငြိမ်းစား၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်) မှ မွေးမြူရေးပညာဘွဲ့ရများ၏ အခွင့်အလမ်း၊ တာဝန်ဝတ္တရားများ၊ မွေးမြူရေးပညာရပ်၏ အရေးပါပုံများနှင့် အဖိုးမဖြတ်နိုင်သည့်မွေးမြူရေး အသိပညာ ဗဟုသုတများစွာတို့ကို ဟောပြော ပို့ချဆွေးနွေးခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများ၏ Public defence ကို (၁၇-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမျိုးသား/ အမျိုးသမီး တံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို (၁၈.၆.၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
Read More၂၀၁၇-၂၀၁၈ ပညာသင်နှစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အဖွဲ့သည် ဆေးခန်းဆိုင်ရာ ပညာရပ်များအသင်း၏ ပဉ္စမနှစ် BVSc ကျောင်းသား၊ ကျောင်းသူ (၂၆၄) ဦးတို့သည် ကြီးကြပ်သူ ဆရာ ဆရာမ (၂၄)ဦး လိုက်ပါလျက် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာ ဖြစ်သော ညောင်ပင၊် ခက်လန်း၊ ဇီးတော၊ လက်ပန်၊ ခံစပ်ကုန်း၊ ဒေါင့်ဘိုး၊ ဖလံကုန်း၊ အောင်ပန်းကုန်း၊ ပဲချက်၊ ဝက်လူး၊ တောဇောက်၊ မြဝတီ ကျေးရွာ တို့ရှိ ကျွဲ နွား ဝက် အစရှိသည့် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊…
Read More