(၁၂)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်း အမှတ်အဖြစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ တိရစ္ဆာန်ကုဆေးရုံတွင် (၂၈.၉.၂၀၁၈) ရက်နေ့ နံနက် (၈း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ ခွေး နှင့် ကြောင်များအား အခမဲ့ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ပါသည်။

Read More

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ က နှစ်ရှည်ပင်များ သီးပင်စားပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပါရဂူဘွဲ့နှင့် မဟာသိပ္ပံ ဘွဲ့လွန် သင်တန်း ကျောင်းသား၊ကျောင်းသူများ၏ သုတေသန အဆိုပြုစာတမ်းဖတ်ပွဲ အခမ်းအနားကို (၂၁.၆.၂၀၂၁)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ DVM သင်တန်း၊ နောက်ဆုံးနှစ် ကျောင်းသား၊ကျောင်းသူများသည် ဘွဲ့ယူသုတေသန စာတမ်းပြုစု တင်သွင်း နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၏ ကြီးကြပ်မှုဖြင့် သုတေသနပြုလုပ်ခြင်း၊ စာတမ်းရေးသားခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များ နှင့်အညီ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပရိဝုဏ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို ကျောင်းဖွင့်ချိန် အမီ ဆောင်ရွက်ခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ၂၂-၈-၂၀၁၄ ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမတွင် ကျင်းပခဲ့ပါသည်။

Read More