မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓာတ်ပုံနှင့်ဗွီဒီယိုကို  ကန်ထရိုက်စနစ်ဖြင့် ရိုက်ကူးလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့်အညီ ဈေးပြိုင် တင်ဒါလျှောက်လွှာတင်သွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရေဆင်း ၊ နေပြည်တော် မှ မွေးမြူရေးပညာဘွဲ့၊ တိရစ္ဆာန်ဆေးပညာဘွဲ့၊  မွေးမြူရေးပညာမဟာဘွဲ့၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ ဘွဲ့ရစာမေးပွဲ အောင်မြင်သူများ အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ရေဆင်း၊ နေပြည်တော်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း၊ နေပြည်တော်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ မွေးမြူရေးပညာမဟာဘွဲ့သင်တန်း၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်ရန်ရှိပါသဖြင့် လျှောက်လွှာများ ခေါ်ယူအပ်ပါသည်။

Read More

၂၀၂၄ -၂၀၂၅ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှုတ်ဆက်ပွဲ အခမ်းအနား ကို ၁၅-၂-၂၀၂၅  ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်  ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ နှင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြပါသည်။ တက္ကသိုလ်စာပေနှင့် ယဉ်ကျေးမှု အနုပညာအသင်းမှ ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

Read More

မွေးမြူရေးထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ဆေးပညာလောက တိုးတက်ရေး ညှိနှိုင်း အစည်းအဝေးကို (၂၆.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ရေဆင်း တက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်၊ ပါမောက္ခ ဌာနမှူးများ၊ မြန်မာနိုင်ငံ ဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

Read More