မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “ကျေးလက်နေပြည်သူတို့၏ လူနေမှုဘဝမြှင့်တင်ပေးနိုင်ရန် မွေးမြူသူများ၏ အရည်အသွေး မြှင့်တင်ပေးရန်အတွက် မွေးမြူရေးဆိုင်ရာ လေ့ကျင့်ရေး သင်တန်းခန်းမ တည်ဆောက်ခြင်း စီမံကိန်း” အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် “ဒေသထွက်တိရစ္ဆာန်အစာများ နှင့် စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန်တိရစ္ဆာန်အစာအဖြစ် အကျိုးရှိစွာအသုံးချနိုင်မည့် ခေတ်မီ နည်းပညာများဖြန့်ဝေခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို (၁၈.၁၁.၂၀၂၆) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပခဲ့သည်။







