၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးခွင့်ပြုငွေဖြင့် သဇင်ငြိမ်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော (၁၈၀’x၄၉’x၂၄’) RC နှစ်ထပ် e-Library အဆောက်အဦနှင့် ရဲတံခွန်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော (၁၈၀’x၄၉’x၂၄’) RC နှစ်ထပ်လက်တွေ့စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို (၁၈.၃.၂၀၁၆)ရက် သောကြာနေ့ မနက် (၉းဝ၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။ လက်တွေ့စာသင်ဆောင်ကို ပါရဂူသင်တန်းသား သင်တန်းသူများက လည်းကောင်း e-Library အဆောက်အဦကို တိရစ္ဆာန်မဟာဆေးသိပ္ပံ သင်တန်းသား သင်တန်းသူများက လည်းကောင်း ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

13 thoughts on “e-Library နှင့် လက်တွေ့စာသင်ဆောင် ဖွင့်လှစ်ခြင်း”