မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမျိုးသား/ အမျိုးသမီး တံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို (၁၈.၆.၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
Read More၂၀၁၇-၂၀၁၈ ပညာသင်နှစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အဖွဲ့သည် ဆေးခန်းဆိုင်ရာ ပညာရပ်များအသင်း၏ ပဉ္စမနှစ် BVSc ကျောင်းသား၊ ကျောင်းသူ (၂၆၄) ဦးတို့သည် ကြီးကြပ်သူ ဆရာ ဆရာမ (၂၄)ဦး လိုက်ပါလျက် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာ ဖြစ်သော ညောင်ပင၊် ခက်လန်း၊ ဇီးတော၊ လက်ပန်၊ ခံစပ်ကုန်း၊ ဒေါင့်ဘိုး၊ ဖလံကုန်း၊ အောင်ပန်းကုန်း၊ ပဲချက်၊ ဝက်လူး၊ တောဇောက်၊ မြဝတီ ကျေးရွာ တို့ရှိ ကျွဲ နွား ဝက် အစရှိသည့် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၇း၃၀ နာရီအချိန်တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် တက်ရောက်အားပေး၍ ဖိတ်ကြားထားသော ဧည့်သည်များ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ ဝန်ထမ်းများနှင့်အတူ ကျွန်းပင် ၅၀ဝ နှင့် အရိပ်ရလေကာပင် ၁၀ဝ စုစုပေါင်း အပင် ၆၀ဝ စိုက်ပျိုးပေးခဲ့ကြသည်.ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဖိတ်ကြားထားသော ဧည့်သည်များသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဘောလုံးကွင်းပတ်လည်တွင် ယခင်နှစ် မိုးရာသီက စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ၍ စိုက်ပျိုးခဲ့သော ကျွန်းပင်…
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်BVSc၊ BASc ၊DVM ကျောင်းသားကျောင်းသူများ၏ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယနေ့ညနေ ၇းဝ၀ နာရီမှစတင်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ တွင် ကျင်းပခဲ့သည်။ ဦးစွာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာမာမာဝင်း ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခ ဒေါက်တာ ရဲထွဋ်အောင် တို့မှ ဆုံးမ သြဝါဒစကား ပြောကြားခဲ့သည်။ဆက်လက်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းဥက္ကဌ၊တွဲဖက်ပါမောက္ခ ဒေါက်တာမင်းဘို မှသြဝါဒစကားပြောကြားခဲ့သည်။ ထို့နောက်အစီအစဉ်အရ ကျောင်းသားကျောင်းသူများက ဆီမီးတိုင်များထွန်းညှိကာ ကန်တော့ချိုးဖြင့်ရှိခိုကန်တော့ခဲ့ကြပြီး၊ မြတ်ဆရာ သီချင်းကို စုပေါင်းသီဆိုကာ ဂါရဝပြုခဲ့ကြသည်။
Read More(၁၂)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်း အမှတ်အဖြစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ တိရစ္ဆာန်ကုဆေးရုံတွင် (၂၈.၉.၂၀၁၈) ရက်နေ့ နံနက် (၈း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ ခွေး နှင့် ကြောင်များအား အခမဲ့ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ပါသည်။
Read Moreစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ က နှစ်ရှည်ပင်များ သီးပင်စားပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပါရဂူဘွဲ့နှင့် မဟာသိပ္ပံ ဘွဲ့လွန် သင်တန်း ကျောင်းသား၊ကျောင်းသူများ၏ သုတေသန အဆိုပြုစာတမ်းဖတ်ပွဲ အခမ်းအနားကို (၂၁.၆.၂၀၂၁)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ DVM သင်တန်း၊ နောက်ဆုံးနှစ် ကျောင်းသား၊ကျောင်းသူများသည် ဘွဲ့ယူသုတေသန စာတမ်းပြုစု တင်သွင်း နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၏ ကြီးကြပ်မှုဖြင့် သုတေသနပြုလုပ်ခြင်း၊ စာတမ်းရေးသားခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Read More