မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို (၂၀.၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မှ ဂုဏ်ပြု နှုတ်ခွန်းဆက် စကား မိန့်ကြားခဲ့ပြီး ပထမနှစ် ကျောင်းသား/ကျောင်းသူများ ကိုယ်စား…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၊ (၃၅)ကြိမ်မြောက် ဘွဲနှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မာမာဝင်း မှ မွေးမြူရေးပညာ (BASc) ဘွဲ့ရရှိသူ (၃၀)ဦး ၊ တိရစ္ဆာန်ဆေးပညာ (DVM) ဘွဲ့ရရှိသူ (၆၂)ဦး ၊ တိရစ္ဆာန်မဟာဆေးသိပ္ပံ (MVSc) ဘွဲ့ရရှိသူ (၅)ဦး ၊ ပါရဂူ (PhD) ဘွဲ့ရရှိသူ (၂)ဦး တို့အား ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၏ (၃၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရွှေရတုခန်းမ၌ အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပရာ ဒုတိယပိုင်း အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ် နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဘွဲ့ခံကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်း မှ ဘွဲ့ရမောင်မယ်များအား ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၏ (၃၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္က သိုလ်၊ ရွှေရတုခန်းမ၌ အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပရာ ပထမပိုင်း အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် ယင်းတို့၏ မိဘဆွေမျိုးများ တက်ရောက် ခဲ့ပါသည်။ ပထမပိုင်း အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်မှ ဘွဲ့နှင်းသဘင် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပြီး…

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို (၁၀.၁၀.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စီမံခန့်ခွဲရေး/သင်ကြားရေးဌာနများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အမှုထမ်းများအား ရုံးလုပ်ငန်း ကျွမ်းကျင်လာစေရန်၊ ကွန်ပျူတာအခြေခံ အသုံးပြုနိုင်စေရန်နှင့် အသုံးချစွမ်းရည် တိုးတက်ပြီး ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး (၁၀.၁၀.၂၀၂၃) ရက်နေ့မှ (၃.၁၁.၂၀၂၃)ရက်နေ့ အထိ (ရက်သတ္တ ၄ ပတ်)ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

Read More

(၂၉.၉.၂၀၂၃)ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စုဝေးခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လာရောက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း တို့ကို ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်‌ ဒေါက်တာရဲထွဋ်အောင်၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

Read More

(၂၇.၉.၂၀၂၃) ရက်နေ့က မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ “မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး” ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း၊ မွေးမြူရေး သုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမာမာဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာ ကောင်စီ(MVC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်(MLF) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် (၁၃.၉.၂၀၂၃) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့  လာရောက်ကြည့်ရှုစစ်ဆေးပြီး  ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆုံးမဩဝါဒစကား ပြောကြားခဲ့ပါသည်။  

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ အောင်ကြီး နှင့် ဒေါက်တာ တင်ထွဋ်တို့သည် (၂၈.၇.၂၀၂၃) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်သို့  လာရောက်ကြည့်ရှုစစ်ဆေးပြီး  ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သင်ကြားရေးနှင့်သင်ယူရေးဆိုင်ရာများ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်ကျောင်းပတ်ဝန်းကျင် သာယာရေး ကိစ္စရပ်များကို  မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပါသည်။  

Read More

မွေးမြူရေးထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ဆေးပညာလောက တိုးတက်ရေး ညှိနှိုင်း အစည်းအဝေးကို (၂၆.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ရေဆင်း တက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်၊ ပါမောက္ခ ဌာနမှူးများ၊ မြန်မာနိုင်ငံ ဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

Read More