အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို (၆.၉.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပါမောက္ခချုပ်ဖလား အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ နှင့် ရေစက်ချ တရားတော်နာ အခမ်းအနားကို (၃.၈.၂၀၂၄)ရက်နေ့၌ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်(၆း၃၀)နာရီတွင် သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ်နှင့် နဝကမ္မ ဝတ္ထုငွေတို့ကို ကပ်လှူခဲ့ကြပါသည်။ နံနက်(၇:၃၀)နာရီတွင် လှူဒါန်းမှုအစုစုတို့ကို ရေစက်ချ အမျှပေးဝေခဲ့ပြီး ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အဝင်နေ့ (၂.၈.၂၀၂၄)ရက်၊ သောကြာနေ့ည (၇:၀၀)နာရီတွင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများက ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား ကြက်သားဆန်ပြုတ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်အား အာဆီယံဒေသအတွင်း အသိအမှတ်ပြုခံ တက္ကသိုလ်ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ( ၂၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အငြိမ်းစား ပညာရှင် ဆရာ ဆရာမကြီးများ၊ ပါမောက္ခ ဆရာ ဆရာမကြီးများ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ…
Read Moreစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ပါမောက္ခချုပ်ဖလား မုတ်သုံရာသီ အမျိုးသား၊ အတန်းလိုက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၂.၇.၂၀၂၄) (သောကြာနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် (သင်ကြား) မှ အဖွင့်မှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို (၁၂.၇.၂၀၂၄) မှ (၂၂.၇.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
Read Moreစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပါမောက္ခချုပ်၊ တာဝန်ရှိ ဆရာ၊ ဆရာမများ နှင့်အတူ (၁၈.၃.၂၀၂၄) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို (၁၄.၃.၂၀၂၄)ရက်နေ့မှ (၂၅.၃.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
Read Moreစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ၊ တာဝန်ရှိ ဆရာ၊ ဆရာမများနှင့်အတူ (၁၅.၃.၂၀၂၄) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို (၁၄.၃.၂၀၂၄)ရက်နေ့မှ (၂၅.၃.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
Read Moreမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက် မွေးမြူထုတ်လုပ်မှု ပိုမို မြင့်မားစေခြင်း” စီမံကိန်း စတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသကြက် မျိုးမြှင့်တင်ရေးအတွက် ကြက် သားစပ်ခြင်းနှင့် ဒေသကြက် ရောဂါစူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို (၈.၃.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ Theatre(2) ၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊…
Read More