၇၅ နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့ ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကိုကျင်းပပြုလုပ်သွားပါမည်။ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ဘွဲ့ကြို ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြပါရန် အသိပေး အပ်ပါသည်။ပါဝင်ယှဉ်ပြိုင်လိုကြသော ဘွဲ့ကြို ကျောင်းသားကျောင်းသူများ အနေဖြင့် ၂၈-၁၂-၂၀၂၂ ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ မြန်မာစာ ဌာနသို့ သွားရောက် စာရင်းပေးသွင်းကြရန် အသိပေး အပ်ပါသည်။

Read More

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓာတ်ပုံနှင့်ဗွီဒီယိုကို ကန်ထရိုက် စနစ်ဖြင့်ရိုက်ကူးလိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဈေးပြိုင်တင်ဒါ လျှောက်လွှာ တင်သွင်းနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။ ဓာတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေးသတ်မှတ်ချက်များ ၁။ ဘွဲ့ယူမည့်သူခန်းမှန်းခြေ ၈၃ ဦး ၂။ဘွဲ့နှင်းသဘင်ခန်းမနှင့် ခန်းမရှေ့ပရဝုဏ်အတွင်း မည်သူ့ကိုမျှကိုယ်ပိုင်ကင်မရာဖြင့် ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခွင့် ပြုမည်မဟုတ်ပါ။ ၃။ ကန်ထရိုက်ယူလိုသူများသည် ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်းကိုပါ ပူးတွဲတာဝန်ယူနိုင်ရမည်။ ၄။ မယူမနေရ ဓာတ်ပုံအရေအတွက်မှာ (D.V.M) ဘွဲ့အတွက် အစမ်းလေ့ကျင့်ပွဲ၊ ဘွဲ့ယူသည့်နေ့နှင့်ဆေးပညာကောင်စီလက်မှတ် ပေးအပ်ပွဲများအတွက် ၅လက်မ…

Read More

ဤတက္ကသိုလ်မှကျင်းပပြုလုပ်ခဲ့သော မွေးမြူရေးပညာဘွဲ့၊ တိရစ္ဆာန်ဆေးပညာဘွဲ့၊ တိရစ္ဆာန်မဟာ ဆေးသိပ္ပံဘွဲ့နှင့် ပါရဂူ ဘွဲ့ ဘွဲ့ရစာမေးပွဲ အောင်မြင်သူများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ ရေဆင်း နေပြည်တော် တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြာင်း ကြေညာလိုက်သည်။ မြန်မာ့အလင်းသတင်းစာ *********************** ၅-၁၁-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၂၃) ကော်လံ (၃) တွင် ထည့်သွင်းကြေညာထားပါသည်။

Read More