(၂၇.၉.၂၀၂၃) ရက်နေ့က မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ “မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး” ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း၊ မွေးမြူရေး သုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမာမာဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာ ကောင်စီ(MVC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်(MLF) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် (၁၃.၉.၂၀၂၃) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့  လာရောက်ကြည့်ရှုစစ်ဆေးပြီး  ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆုံးမဩဝါဒစကား ပြောကြားခဲ့ပါသည်။  

Read More

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ အောင်ကြီး နှင့် ဒေါက်တာ တင်ထွဋ်တို့သည် (၂၈.၇.၂၀၂၃) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်သို့  လာရောက်ကြည့်ရှုစစ်ဆေးပြီး  ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သင်ကြားရေးနှင့်သင်ယူရေးဆိုင်ရာများ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်ကျောင်းပတ်ဝန်းကျင် သာယာရေး ကိစ္စရပ်များကို  မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပါသည်။  

Read More