မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ၂၉-၁-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ်များ ပါမောက္ခချုပ်နှင့် ဆရာဆရာမများမှ မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများကို နွေးထွေးလှိုက်လှစွာ ကြို ဆို ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Read Moreအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို (၆.၉.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပါမောက္ခချုပ်ဖလား အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ပါသည်။
Read Moreမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ နှင့် ရေစက်ချ တရားတော်နာ အခမ်းအနားကို (၃.၈.၂၀၂၄)ရက်နေ့၌ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်(၆း၃၀)နာရီတွင် သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ်နှင့် နဝကမ္မ ဝတ္ထုငွေတို့ကို ကပ်လှူခဲ့ကြပါသည်။ နံနက်(၇:၃၀)နာရီတွင် လှူဒါန်းမှုအစုစုတို့ကို ရေစက်ချ အမျှပေးဝေခဲ့ပြီး ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
Read More