မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) (၅)နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (BASc) (၄)နှစ်သင်တန်းသို့ တက်ရောက်ပညာ သင်ကြားခွင့်ရရှိရန်အတွက် (၁) ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာကို Grade Aဖြင့် အောင်မြင်သူများ၊ (၂) ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS-1 ဖြင့် အောင်မြင်သူများနှင့် (၃) General Certificate of Education Advanced Level (GCE ‘A’ Level) နှင့် International Baccalaureate IB Diploma Programme ဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်သည်။

