မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်မည့် “ကျေးလက်နေပြည်သူတို့၏ လူနေမှုဘဝမြှင့်တင်ပေးနိုင်ရန် မွေးမြူသူများ၏ အရည်အသွေး မြှင့်တင်ပေးရန်အတွက် မွေးမြူရေးသင်တန်းကျောင်း တည်ဆောက်ခြင်းဆိုင်ရာစီမံကိန်း” အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် “ဒေသထွက်တိရစ္ဆာန်အစာများ နှင့် စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန်တိရစ္ဆာန်အစာအဖြစ် အကျိုးရှိစွာအသုံးချနိုင်မည့် ခေတ်မီ နည်းပညာများဖြန့်ဝေခြင်းဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၅.၆.၂၀၂၅)ရက်နေ့တွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပခဲ့သည်။ သင်တန်း ပထမအကြိမ်ကို (၂၅.၆.၂၀၂၅ ရက်နေ့မှ ၂၉.၆.၂၀၂၅ ရက်နေ့ထိ) မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ နောက်ဆုံးနှစ်မွေးမြူရေးပညာသင်တန်းမှ ကျောင်သား၊ ကျောင်းသူများ တက်ရောက် ကြပါသည်။