စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် (၁၇-၆-၂၀၂၅) ရက်နေ့၌ တိရစ္ဆာန်ဆေးပညာဘွဲ့ သင်တန်း သင်ရိုးညွှန်းတမ်းအား နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့် နှိုင်းယှဉ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ပုဒ်မှာ “ပိုမို ကောင်းမွန် ပြည့်စုံသော မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးပညာရပ် သင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းများ သုံးသပ်ပြင်ဆင်ပေး” ဖြစ်ပါသည်။
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေနှင့် တိရစ္ဆာန်ဆေးပညာ သင်ရိုး ညွှန်းတမ်းကို ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ရဲ့ တိရစ္ဆာန်ဆေးပညာ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက် နှင့်အညီဖြစ်စေရန်နှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့မှ သတ်မှတ်ထားသည့် ဘွဲ့ရရှိပြီးသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များ (ဘွဲ့ရပြီး နောက်တစ်ရက်မှစ၍) တွင် ရှိသင့်သည့် အရည်အချင်း များအတိုင်း နိုင်ငံ့ အဆင့်မီ တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုများဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြင်ပ ပညာရှင်ကြီးများနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
