အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို (၆.၉.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။