မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အဝင်နေ့ (၂.၈.၂၀၂၄)ရက်၊ သောကြာနေ့ည (၇:၀၀)နာရီတွင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများက ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား ကြက်သားဆန်ပြုတ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။