မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ နှင့် ရေစက်ချ တရားတော်နာ အခမ်းအနားကို (၃.၈.၂၀၂၄)ရက်နေ့၌ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်(၆း၃၀)နာရီတွင် သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ်နှင့် နဝကမ္မ ဝတ္ထုငွေတို့ကို ကပ်လှူခဲ့ကြပါသည်။ နံနက်(၇:၃၀)နာရီတွင် လှူဒါန်းမှုအစုစုတို့ကို ရေစက်ချ အမျှပေးဝေခဲ့ပြီး ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။