စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ၊ တာဝန်ရှိ ဆရာ၊ ဆရာမများနှင့်အတူ (၁၅.၃.၂၀၂၄) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို (၁၄.၃.၂၀၂၄)ရက်နေ့မှ (၂၅.၃.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။