မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်BVSc၊ BASc ၊DVM ကျောင်းသားကျောင်းသူများ၏ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယနေ့ညနေ ၇းဝ၀ နာရီမှစတင်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ တွင် ကျင်းပခဲ့သည်။ ဦးစွာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာမာမာဝင်း ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခ ဒေါက်တာ ရဲထွဋ်အောင် တို့မှ ဆုံးမ သြဝါဒစကား ပြောကြားခဲ့သည်။ဆက်လက်ပြီး    မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းဥက္ကဌ၊တွဲဖက်ပါမောက္ခ ဒေါက်တာမင်းဘို မှသြဝါဒစကားပြောကြားခဲ့သည်။ ထို့နောက်အစီအစဉ်အရ ကျောင်းသားကျောင်းသူများက ဆီမီးတိုင်များထွန်းညှိကာ ကန်တော့ချိုးဖြင့်ရှိခိုကန်တော့ခဲ့ကြပြီး၊ မြတ်ဆရာ သီချင်းကို စုပေါင်းသီဆိုကာ ဂါရဝပြုခဲ့ကြသည်။

Leave a Reply