မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်အား အာဆီယံဒေသအတွင်း အသိအမှတ်ပြုခံ တက္ကသိုလ်ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ( ၂၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အငြိမ်းစား ပညာရှင် ဆရာ ဆရာမကြီးများ၊ ပါမောက္ခ ဆရာ ဆရာမကြီးများ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ နှင့် မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။