မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၆၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသော အခြေအနေများကို တင်ပြအပ်ပါသည်။
Web portal
တက္ကသိုလ် ၏.မူလ Website ဖြစ်သော uvsyezin.edu.mm ကို အဆင့်မြင်တင်ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ် Domain ရရှိပါက uvs.edu.mm အမည်ဖြင့် ပြောင်းလဲ လွှင့်တင်သွားမည် ဖြစ်ပါသည်။ အရံ website ၁၆ခု ဖြစ် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ Website များကို ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ Demo website အနေဖြင့် https://uvs.edu.mm/ အမည်ဖြင့်စမ်းသပ်လျက်ရှိပါသည်။
Learning Management System
*********************************
ကျောင်းသားကျောင်းသူများ အနေဖြင့် study from home / study from hostel ဆောင်ရွက်နိုင်ရန် စာသင်ခန်းအားလုံး Wifi internet Facility ရရှိရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။ အိပ်ဆောင်များ တွင် Wifi Internet Facility များတပ်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။
LMS စနစ်တွင် Online သင်ကြားခြင်း စနစ်များပြည့်စုံ စွာထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါသည်။
LMS တွင် Online မှ ဘွဲ့နှင်းသဘင် လျှောက်လွှာများ၊ အမှတ်စာရင်းနှင့် Grading များကို လျှောက်ထားနိုင်ခြင်း၊ ကျောင်းအပ်လက်ခံခြင်းနှင့် Online မှ တစ်ဆင့် ငွေသွင်းခြင်းများကို လက်ခံနိုင်ရန် KBZ mobile banking နှင့် KPay တို့ဖြင့် ကနဦးချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။http://lms.uvs.edu.mm/
Library portal
**************
တက္ကသိုလ် စာကြည့်တိုက် အတွက် eLibrary စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ ယခုအခါ နိုင်ငံတကာ တက္ကသိုလ်များရှိ စာကြည့်တိုက်များ နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။
တက္ကသိုလ် အတွင်း ဘွဲ့လွန်သုတေသနများအတွက် ithesis စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စနစ်ရေးဆွဲပြီးစီးပါက မြန်မာနိုင်ငံ တွင်းရှိတက္ကသိုလ်များတွင် ithesis စနစ် ပိုင်ဆိုင်သော ပထမဆုံးတက္ကသိုလ် ဖြစ်လာပါမည်။
Web Portal နှင့် Library Portal တို့အတွက် တက္ကသိုလ်ပိုင် Server (၂) လုံးဖြင့် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် လုပ်ငန်း အားလုံး၏ ၆၀% ခန့်ပြီးစီးပြီ ဖြစ်ပါသည်။ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးပါက သင်ကြားမှု အထောက်အကူ ပြု Virtual Reality နှင့် Argumented Reality စနစ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အမိတက္ကသိုလ် ၆၅ နှစ်ပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြု တင်ပြအပ်ပါသည်။