မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၏ (၃၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို (၃၀.၁၂.၂၀၂၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရွှေရတုခန်းမ၌ အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပရာ ဒုတိယပိုင်း အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ် နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဘွဲ့ခံကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်း မှ ဘွဲ့ရမောင်မယ်များအား ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။