မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက် မွေးမြူထုတ်လုပ်မှု ပိုမို မြင့်မားစေခြင်း” စီမံကိန်း စတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသကြက် မျိုးမြှင့်တင်ရေးအတွက် ကြက် သားစပ်ခြင်းနှင့် ဒေသကြက် ရောဂါစူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို (၈.၃.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ Theatre(2) ၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသနပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်း ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။