မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၏ မိုးရာသီ စု​ပေါင်​းသစ်​ပင်​စိုက်​ပွဲကို ယ​နေ့နံနက်​ ၇း၃၀ နာရီအချိန်​တွင်​ ​မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​ဝန်​းအတွင်​း ကျင်​းပပြုလုပ်​ခဲ့ရာ စိုက်​ပျိုး​ရေး ​မွေးမြူ​ရေးနှင်​့ ဆည်​​မြောင်​းဝန်​ကြီးဌာန အမြဲတမ်​းအတွင်​းဝန်​ ​ဒေါက်​တာခင်​​ဇော်​ တက်​​ရောက်​အား​ပေး၍ ဖိတ်​ကြားထား​သော ဧည်​့သည်​များ ပါ​မောက္ခချုပ်​နှင်​့ ဆရာ ဆရာမများ ​ကျောင်​းသား ​ကျောင်​းသူများ ဝန်​ထမ်​းများနှင်​့အတူ ကျွန်​းပင်​ ၅၀ဝ နှင်​့ အရိပ်​ရ​လေကာပင်​ ၁၀ဝ စုစု​ပေါင်​း အပင်​ ၆၀ဝ စိုက်​ပျိုး​ပေးခဲ့ကြသည်​
.
ထို့​နောက်​ အမြဲတမ်​းအတွင်​းဝန်​နှင်​့ ဖိတ်​ကြားထား​သော ဧည်​့သည်​များသည်​ ​မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​ ​ဘောလုံးကွင်​းပတ်​လည်​တွင်​ ယခင်​နှစ်​ မိုးရာသီက စု​ပေါင်​းသစ်​ပင်​စိုက်​ပွဲ ကျင်​းပ၍ စိုက်​ပျိုးခဲ့​သော ကျွန်​းပင်​ ၈၀ဝ ၏ ရှင်​သန်​ဖြစ်​ထွန်​းမှုကို လှည်​့လည်​ကြည်​့ရှုခဲ့ကြသည်​

Leave a Reply