၂၀၂၄ -၂၀၂၅ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှုတ်ဆက်ပွဲ အခမ်းအနား ကို ၁၅-၂-၂၀၂၅  ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်  ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ နှင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြပါသည်။

တက္ကသိုလ်စာပေနှင့် ယဉ်ကျေးမှု အနုပညာအသင်းမှ ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။