မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်လျက်ရှိသည့် “ကျေးလက်နေပြည်သူ တို့၏ လူနေမှုဘဝ မြှင့်တင်ပေးနိုင်ရန် မွေးမြူသူများ၏ အရည်အသွေး မြှင့်တင် ပေးရန်အတွက် မွေးမြူရေးဆိုင်ရာ လေ့ကျင့်ရေးသင်တန်းခန်းမ တည်ဆောက်ခြင်း စီမံကိန်း” အစီအစဉ်အရ ဖွင့်လှစ်သည့် “ဒေသထွက်တိရစ္ဆာန်အစာများနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန်တိရစ္ဆာန်အစာအဖြစ် အကျိုး ရှိစွာ အသုံးချနိုင်မည့် ခေတ်မီနည်းပညာများ ဖြန့်ဝေခြင်းဆိုင်ရာ သင်တန်း” ဖွင့်ပွဲ အခမ်းအနားကို (၆.၁.၂၀၂၆)ရက်နေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို (၆.၁.၂၀၂၆) ရက်နေ့မှ (၁၀.၁.၂၀၂၆)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ သင်တန်းသား မွေးမြူသူတောင်သူ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။