မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓာတ်ပုံနှင့်ဗွီဒီယိုကို ကန်ထရိုက် စနစ်ဖြင့်ရိုက်ကူးလိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဈေးပြိုင်တင်ဒါ လျှောက်လွှာ တင်သွင်းနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

ဓာတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေးသတ်မှတ်ချက်များ

၁။ ဘွဲ့ယူမည့်သူခန်းမှန်းခြေ ၈၃ ဦး

၂။ဘွဲ့နှင်းသဘင်ခန်းမနှင့် ခန်းမရှေ့ပရဝုဏ်အတွင်း မည်သူ့ကိုမျှကိုယ်ပိုင်ကင်မရာဖြင့် ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခွင့် ပြုမည်မဟုတ်ပါ။

၃။ ကန်ထရိုက်ယူလိုသူများသည် ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်းကိုပါ ပူးတွဲတာဝန်ယူနိုင်ရမည်။

၄။ မယူမနေရ ဓာတ်ပုံအရေအတွက်မှာ (D.V.M) ဘွဲ့အတွက် အစမ်းလေ့ကျင့်ပွဲ၊ ဘွဲ့ယူသည့်နေ့နှင့်ဆေးပညာကောင်စီလက်မှတ် ပေးအပ်ပွဲများအတွက် ၅လက်မ x ၇လက်မကို (၁၈၀၀ကျပ်) ( ၁၂ ) ပုံ၊ ၁၀လက်မ x ၁၄လက်မကို ( ၁၅၀၀၀ကျပ်) (၁) ပုံနှင့် စတူဒီယိုအတွင်း ၁၀လက်မ x ၁၄လက်မ ကိုယ်တစ်ပိုင်းပုံ (၁)ပုံ စုစုပေါင်း ( ၁၄ )ပုံ၊ B.A.Scဘွဲ့နှင့်အခြားဘွဲ့များ အတွက် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့ယူသည့်နေ့များအတွက် ၅လက်မ× ၇လက်မကို( ၁၈၀၀ကျပ်) (၁၀)ပုံ၊ ၁၀လက်မ x ၁၄လက်မကို(၁၅၀၀၀ကျပ်) (၁)ပုံနှင့် စတူဒီယို အတွင်း ၁၀လက်မ x ၁၄လက်မ ကိုယ်တစ်ပိုင်းပုံ (၁)ပုံ စုစုပေါင်း

( ၁၂ )ပုံ ဖြစ်ပါသည်။

၅။ တိုကင်ဖြင့် ရိုက်ကူးမည့် ၈လက်မx၁၂လက်မ အမြန်ပုံကြီးတစ်ပုံလျှင် (၆၀၀၀ ကျပ်) ဖြင့် ရိုက်ကူးနိုင်ရမည်။

၆။ ရိုက်ကူးပြီး DVD (၁)ချပ်၏ တန်ဖိုးကို (၂၀၀၀ ကျပ်)ဖြင့်ရိုက်ကူးနိုင်ရမည်။

၇။ ကန်ထရိုက်မှ DVD Master (၂) ချပ်ပေးရမည်။

၈။ ကိုယ်တစ်ပိုင်းပုံ ပုံကြီးတစ်ပုံစီနှင့် အဖွဲ့ပုံ ပုံကြီးတစ်ပုံစီ ပေးရမည်။

၉။ ဘွဲ့ယူသူများအားလုံး DVD (၂ )ချပ်မယူမနေယူရမည်ဖြစ်သည်။

ဓာတ်ပုံကန်ထရိုက်ရယူလိုသူများသည် အောက်ပါအချက်များကို သီးခြားစာရွက်ဖြင့် ရေးသားပြီး (၁၃-၁၂-၂၀၂၂)နေ့ နေ့လည်(၁၂:၀၀)နာရီ နောက်ဆုံးထား တင်ဒါ တင်သွင်းရမည်။ ၎င်းနေ့ (၁၃-၁၂-၂၀၂၂)နေ့ ညနေ(၄:၀၀)နာရီတွင် ဤကော်မတီနှင့် တွေ့ဆုံဆွေးနွေးပြီး ယင်းနေ့တွင်အပြီးသတ် ရွေးချယ်ပါမည်။ တင်ဒါတင်သွင်းရာတွင် လူကိုယ်တိုင် လာရောက်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ငွေစာရင်း ဌာနသို့ တင်သွင်းနိုင်ပါသည်။

၁။ ကန်ထရိုက်ကြေးပေးနိုင်သည့်ပမာဏ၊

၂။အသုံးပြုမည့်ကင်မရာ၊ ရိုက်ကူးမည့် ဓာတ်ပုံအရည်အသွေး (Mega Pixel)၊ ဓာတ်ပုံစက္ကူ အရည်အသွေး၊ မှန်ဘောင်အရည်အသွေး၊

၃။ မတော်မဆ ပုံပျက်စီးပါက ပေးလျှော်နိုင်မည့်ငွေပမာဏ၊

၄။အလှရိုက်ကူးလိုသူများအတွက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ်ဆက်တင်ဖြင့် ရိုက်ကူး ပေးနိုင်ခြင်း ရှိမရှိ၊

၅။ ရိုက်ကူးမည့်ဓာတ်ပုံဆရာဉီးရေနှင့် တူညီဝတ်စုံဝတ်နိုင်မှုရှိမရှိ၊

၆။ နမူနာဓာတ်ပုံ၊ လုပ်ငန်းအတွေ့အကြုံနှင့်ပတ်သက်‌သော စာရွက်စာတမ်းများ တင်ပြ ရမည်။

၇။ တင်ဒါရွေးချယ်ရာတွင် (Technical) အမှတ်နှင့် ဈေးနှုန်းအမှတ် ပေါင်းပြီးစဉ်းစားမည်။

၈။ စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ကိုင်နိုင်သူဖြစ်ရမည်။

၉။ လုပ်ငန်းအဆင်ပြေချောမွေ့မှုမရှိပါက နောက်နောင်ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ဓာတ်ပုံနှင့်ဗွီဒီယိုကို ကန်ထရိုက်စနစ်ဖြင့်ရိုက်ကူးလိုသူများ တစ်ဉီးထက်ပို၍ တင်ဒါတင်သွင်း လာပါက အထက်ပါအချက်များကိုစဉ်းစားပြီး ဓာတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေး ဆပ်ကော်မတီ၏ ကြမ်းခင်းဈေးသတ်မှတ်ချက်နှင့် တင်သွင်းလာသူများ၏ စည်းကမ်းချက်များ ကိုက်ညီမှုရှိ/မရှိ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။

မရှင်းလင်းသည့်အချက်များရှိပါက အောက်ပါလိပ်စာအတိုင်း ဓာတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေး ဆပ်ကော်မတီထံသို့ ရုံးချိန်းအတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

ဓာတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေးဆပ်ကော်မတီ

(၃၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကျင်းပရေးကော်မတီ

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်

ရေဆင်း၊နေပြည်တော်

၀၆၇-၃၄၁၆၆၅၈