သမိုင်းအကျဉ်း

၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ မဟာဌာနခွဲ တစ်ခုအဖြစ် တိုးချဲဖွင့်လှစ်ခဲ့ပြီး ဥပစာသိပ္ပံ(ခ)တန်း အောင်မြင်သူများကို လေးနှစ်သင်ကြားပေးခဲ့ပြီး အောင်မြင်သူများကို B.Sc (Veterinary) ဘွဲ့ ချီးမြှင့်ခဲ့ပါသည်။

၁၉၆၄ ခုနှစ်တွင် “တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ်” အမည်ဖြင့် သီးခြား တက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ကာ (၆)နှစ်သင်တန်းပြီးဆုံးအောင်မြင်ပါက B.V.S. (Bachelor of Veterinary Science ) ချီးမြှင့်ခဲ့ပါသည်။

၁၉၈၁ ခုနှစ်တွင် အင်းစိန်မြို့မှ ပျဉ်မနားမြို့နယ်၊ ရေဆင်း သို့ ပြောင်းရွှေ့သင်ကြားခဲ့သည်။

၁၉၉၃ ခုနှစ်မှစ၍ (B.V.S)မှ (B.V.Sc) ဘွဲ့အဖြစ် ပြောင်းလဲ ချီးမြှင့်ခဲ့သည်။ ၁၉၉၄ ခှနှစ်တွင် တက္ကသိုလ်ကို ပညာရေးဝန်ကြီးဌာနမှ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်သို့ လွဲပြောင်း ဖွင့်လှစ်ခဲ့ပါသည်။

၁၉၉၉ ခုနှစ်တွင် တက္ကသိုလ်အမည်ကို “မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်” (University of Veterinary Science) ဟု ပြောင်းလဲမှည့်ခေါ်ခဲ့ပြီး၊ သင်တန်းကာလကို (၆) နှစ် မှ (၅)နှစ်သို့ ပြောင်းလဲ သင်ကြားခဲ့ပါသည်။           ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး အထိ တိုးမြှင့်လက်ခံ သင်ကြားခဲ့ပါသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ် မှစ၍ ပညာသင်ကာလကို (၅) နှစ်မှ (၆) နှစ်သို့ ပြန်လည် တိုးမြှင့် သင်ကြားခဲ့ပါသည်။ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် မှစ၍ တိရစ္ဆာန် ဆေးပညာရပ်များ ကိုသာ အထူးပြုသင်ကြားသော “တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine)” (၆)နှစ် သင်တန်း နှင့် မွေးမြူရေးပညာရပ်များကိုသာ အထူးပြု သင်ကြားပေးသော “မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science)” (၄)နှစ်သင်တန်းဟူ၍ သီးခြားစီ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။