Skip to content
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏လုပ်ငန်းတာဝန်များ
- စီးပွားဖြစ်မွေးမြူထုတ်လုပ်သော တိရစ္ဆာန်များ၊ အိမ်မွေးအဖော်ပြုတိရစ္ဆာန်များ နှင့် တောရိုင်းတိရစ္ဆာန်များ တို့နှင့်ပတ်သက်သော တိရစ္ဆာန်ဆေးကုဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် စွမ်းရည်ပြည့်ဝသော တိရစ္ဆာန်ဆေးကု ဆရာဝန်များ မွေးထုတ်ပေးခြင်း၊
- နိုင်ငံတော်၏ သားငါးကဏ္ဍမူဝါဒရည်မှန်းချက်များနှင့်အညီ စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများတွင် ဦးဆောင်မှုကဏ္ဍမှပါဝင်မည့် မွေးမြူရေးပညာရှင် များ မွေးထုတ်ပေးခြင်း၊
- နိုင်ငံတော်၏ မွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွေးမြူထုတ်လုပ်ရေးနှင့် တိရစ္ဆာန်ဆေးသိပ္ပံဆိုင်ရာသုတေသနများ ဆောင်ရွက် ခြင်း၊
- ရည်ရွယ်ချက်တူညီသော ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်ခြင်း၊
- တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ နှင့် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်ထိန်းချုပ်ရေးတို့နှင့် ပတ်သက်၍ လူထုပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊
- ဘာသာရပ်ဆိုင်ရာခေတ်မီနည်းပညာများ နှင့် အသိပညာများ အမြဲဖွံ့ဖြိုးတိုးတက် နေစေရန်အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ တက္ကသိုလ် များတို့နှင့်ပူးပေါင်း၍ ပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲ များ နှင့် ညီလာခံများ ကျင်းပပြုလုပ်ခြင်း၊
- ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ်(WOAH) ၏လမ်းညွှန်ချက်များနှင့် ကိုက်ညီ၍ အာဆီယံဒေသအတွင်းရှိ မွေးမြူဆေးကုတက္ကသိုလ်များနှင့် လိုက်လျောညီထွေ ဖြစ်သော သင်ရိုးညွှန်းတမ်းများ ပြန်လည်ညှိနှိုင်းရေးဆွဲခြင်း၊
- သင်ကြားရေး ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ရန် အတွက် ကာလတို၊ ကာလရှည်၊ ပြည်တွင်း၊ ပြည်ပ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စေလွှတ်ပေးခြင်း၊