ပထမအကြိမ် ဘွဲ့နှင်းသဘင်၁၉၆၇ ခုနှစ်

၁၉၅၇ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တိရစ္ဆာန်ဆေးကု ပညာမဟာဌာန (Faculty of Veterinary Science) အဖြစ် ၄နှစ် သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး အောင်မြင်ပြီးသူများကို ရန်ကုန်တက္ကသိုလ်မှ BSc(Veterinary) ဘွဲ့ ပေးအပ်သည်။

ရန်ကုန်တက္ကသိုလ်မှခွဲထွက်ပြီး ၁၉၆၇ ခုနှစ် ဇန်နဝါရီလ (၇) ရက်၊ ၁၃၂၈ ခု နတ်တော် လပြည့်ကျော်(၁၁) ရက်နေ့တွင် တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ်၏ ပထမ အကြိမ် ဘွဲ့နှင်းသဘင်အဖြစ် ကျင်းပနိုင်ခဲ့သည်။

တက်ရောက်ခွင့်ရရှိခဲ့သူ (၂၆)ယောက်ရှိပါသည်။

ရေဆင်းသို့ပြောင်းရွှေ့ပြီး ပထမဆုံး ဘွဲ့ရခဲ့သည့် ကျောင်းသား ကျောင်းသူများအတွက် (၁၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ကို ၁၉၈၄ခုနှစ်တွင် ကျင်းပခဲ့သည်။ ဘွဲ့ တက်ရောက် လက်ခံယူခဲ့သူ ၁၀၆ ဦး အဝေးရောက်ဘွဲ့ယူသူ ၉၃ ဦး ရှိခဲ့သည်။